
http://www.niknayman-niknayman.co.cc/ဘလောဂ်မှကူးယူဖေါ်ပြပါသည်...
18 May 09, 08:50
Niknayman: မြန်မာစံတော်ချိန် (၉) နာရီ ရှိပါပြီ။
18 May 09, 08:55
Niknayman: အင်းစိန် ပေါက်တောဝ မှ လမ်းများ စပိတ်ထားပါတယ်။ လမ်းကြိုလမ်းကြားတွေလည်း ပိတ်ထားတယ် အရပ်ဝတ်ရဲတွေနဲ့ စွမ်းအားရှင်တွေကတော့ ရှိနေပေမယ့် လာကြည့်တဲ့လူတွေလည်း ပိတ်ထားတဲ့နေရာကနေ လှမ်းကြည့်နေကြရပါတယ်။ အင်းစိန်ဈေးထဲကို ၀င်လို့ မရပါ။ အောင်ဇေယျတံတား အဆင်း မီးပွိုင့်ကနေ ပိတ်ထားပါတယ်။
18 May 09, 09:28
Niknayman: ဖော့ကန် အောင်ဆန်းဘက်က ပိတ်ထားပါတယ်။ အင်းစိန်ဂုံးတံတားကနေ စပြီး ထောင်ထိပိတ်ထားပါတယ် ။ လိုင်းကားလည်း သွားမရပါ။ ဆိုက်ကားလည်း မရပါ။ သံဆူးကြိုးတုန်းတွေနဲ့  ပိတ်ထားပါတယ်။
18 May 09, 09:48
Niknayman: အင်းစိန်မြို့ ပန်းခြံဘက်တွင်လည်း လုံထိန်းများ ပိတ်ထားကြောင်း သိရပါတယ်။ အခြေအနေများကို ဆက်လက် ဖေါ်ပြပေးသွားပါမယ်။
18 May 09, 10:02
Niknayman: ယခုအခါမှာ အင်းစိန်ထောင်အတွင်းသို့  ရှေ့ နေ (၄) ဦးနဲ့  အမေရိကန်သံရုံးမှသူများ ၀င်ရောက်သွားပါပြီ။ စောင့်ကြည့်နေကြသူများ ဆက်လက်ရှိနေကြပါတယ်။
18 May 09, 10:13
Niknayman: ပြည်သူလူထုအပြင် ကျောင်းသားများနဲ့  သံဃာတော်များပါ အင်းစိန်ထောင်ဈေးဘက်နေရာတွေမှာ ရောက်ရှိနေကြပါတယ်။ ယခုစီဘောက်မှာ ၀င်ရောက်ကြည့်ရှူနေကြသူများကို အထူးမေတ္တာရပ်ခံလိုပါတယ်။ မိမိတို့ နှင့် နီးစပ်ရာကို လက်ဆင့်ကမ်း သတင်းပေးပို့ ပေပါ။
18 May 09, 10:16
Niknayman: ရန်ကုန်မြို့ ရှိ ပြည်သူလူထုခင်ဗျာ - နအဖဟာ ယခုအခါမှာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင်နေပါပြီ။ ဒီမတရားမှုကြီးကို မခံနိုင်တဲ့ ပြည်သူ ကျောင်းသား သံဃာအချို့  အင်းစိန်ထောင်ရှေ့ ရောက်နေကြပါပြီ။
18 May 09, 10:18
Niknayman: ဒီ့အတွက် ကျန်သော ပြည်သူလူထုကြီးတစ်ရပ်လုံးမှ ၀ိုင်းဝန်းအင်အားဖြည့်ပေးကြဖို့  အနူးအညွတ် မေတ္တာရပ်ခံကြောင်း အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ တောင်းပန်မေတ္တာရပ်ခံနေပါတယ်။
18 May 09, 10:41
Niknayman: မိမိတို့ နှင် နီးစပ်ရာကို ၀ိုင်းရံကြဖို့  နဲ့  တိုက်ပွဲဝင်ကြဖို့  ပြောပေးပါ။ တစ်ဦးချင်းစီက ခေါင်းရှောင်နေရင် အင်းစိန်ရှေ့ ရောက်နေသူတွေ သေကုန်လိမ့်မယ်။ လက်တွေ့  လုပ်ပေးကြပါ။
18 May 09, 10:45
Niknayman: အင်းစိန်ကို သွားပြီး အားဖြည့်လိုသူများ အင်းစိန်ထောင်အ၀င်ပေါက်များမှာ ပေါက်တောဝ တစ်မှတ်တိုင်ကျော် ဆရာတော်ကြီးမှတ်တိုင်မှ ၀င်လို့ ရပါတယ်။ နောက်တနေရာက မြို့သစ်ဈေးဘက်မှတဆင့် မဟာမြိုင်ရုပ်ရှင်ရုံဘက်ခြမ်းမှ အင်းစိန်ထောင်ရှေ့သို့ ထွက်လို့ ရပါတယ်။
18 May 09, 10:46
Niknayman: ပြည်သူလူထုကြီးတစ်ရပ်လုံးမှ ၀ိုင်းဝန်းအင်အားဖြည့်ပေးကြဖို့  အနူးအညွတ် မေတ္တာရပ်ခံကြောင်း အင်းစိန်ထောင်ရှေ့ ရောက်နေသူများမှ တောင်းပန်မေတ္တာရပ်ခံနေပါတယ်။
18 May 09, 10:57
Niknayman: အင်းစိန်ထောင်ရှေ့ ရောက်နေကြသူများအနက်မှ လူငယ် (၃၀) ကျော် ထောင်ဗူးဝဘက်သို့  ချဉ်းကပ်သွားပါတယ်။ လုံထိန်းများမှ ရှေ့ က ပိတ်ဆို့ ထားပါတယ်။ အခြားသောပြည်သူများလည်း ၀ိုင်းရံထားကြပါတယ်။
18 May 09, 10:59
Niknayman: ထောင်ဝန်ထမ်းတွေက ဒေါ်စုကြည် လို လာခေါ်ပါတယ်။ ဒေါ်စုကြည် ရုံးထုတ်ရင် ထွက်ခဲ့ပါလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ပြန်ပြင်ခေါ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်မှ ထွက်နိင်မယ်လို့ ဆိုတဲ့အတွက် အခြေအတင်ဖြစ်နေကြောင်း သိရပါတယ်။
18 May 09, 10:59
Niknayman: ထောင်ဝန်ထမ်းတွေက ဒေါ်စုကြည် လို လာခေါ်ပါတယ်။ ဒေါ်စုကြည် ရုံးထုတ်ရင် ထွက်ခဲ့ပါလို့ ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က ပြန်ပြင်ခေါ်ပါ။ ဒေါ်အောင်ဆန်းစုကြည်လို့ ခေါ်မှ ထွက်နိင်မယ်လို့ ဆိုတဲ့အတွက် အခြေအတင်ဖြစ်နေကြောင်း သိရပါတယ်။
18 May 09, 11:00
Niknayman: ဒေါ်အောင်ဆန်းစုကြည်ကို အတင်းအကြပ် ရုံးထုတ်ရန် ကြိုးပန်းနေကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်မှ သတ္တိရှိစွာဖြင့် ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး လာခေါ်သော ထောင်ဝန်ထမ်းများကို မလိုက် ဟု ရာဇသံပေးလိုက်ကြောင်း သိရပါတယ်။
18 May 09, 11:06
Niknayman: အင်းစိန်ထောင်ရှေ့ ရောက်နေကြသူများအနက်မှ လူငယ် (၃၀) ကျော် ထောင်ဗူးဝဘက်သို့  ချဉ်းကပ်သွားပါတယ်။ လုံထိန်းများမှ ရှေ့ က ပိတ်ဆို့ ထားပါတယ်။ အခြားသောပြည်သူများလည်း ၀ိုင်းရံထားကြပါတယ်။
18 May 09, 11:18
Niknayman: အင်္ဂလန်၊ ပြင်သစ်၊ ဂျာမဏီနဲ့  သြစတြေလျမှ သံအမတ်များအား အင်းစိန်ထောင်ဗူးတွင်းသို့  ပေးမ၀င်ပါ။ ဒီသတင်းကို သက်ဆိုင်ရာနိုင်ငံမှသူများ သိစေရန် ဖြစ်ပါတယ်။
18 May 09, 11:24
Niknayman: ပြည်သူလူထုကြီးခင်ဗျား ထပ်ံမံ မေတ္တာရပ်ခံလိုပါတယ်။ လက်ရှိ ထွက်လုပ်နေကြသူများအား လက်တွေ့ ဝိုင်းရံကြပါ။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တရားရုံးအတွင်းမှာ စတင်တိုက်ပွဲဝင်နေပါပြီ
18 May 09, 11:40
Niknayman: ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်စုကြည် ဟု ခေါ်ဆိုမှုကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုသည် ယခုအခါ ထောင်ဝန်ထမ်းများဘက်မှ ဒေါ်အောင်ဆန်းစုကြည်ဟု အလျှော့ပေး ခေါ်ဆိုခြင်းကြောင့် ယခုအခါ အထူတရားရုံးအတွင်း အမှုစစစ်ပါတော့မည်
18 May 09, 11:51
Niknayman: အင်းစိန်ဈေးအနီးတွင် ဖဲကြိုးအနက် လိုက်လံဝေငှနေသော ရွှေပြည်သာမြို့နယ်နေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ် ကိုထွေးသိန်းကို ရဲမှ ဖမ်းသွားကြောင်း သိရပါတယ်။
18 May 09, 11:51
freedom: အင်းစိန်ထောင်သို့ရောက်နေသော နိုင်ငံခြားသံတမာန်အချိုကို ပေးမ၀င်းကြောင်းသိရ၊ အခြေအနေအနည်းငယ်တင်မာ လာပါပြီး။ ပြည်သူများအားဖြည့်ပေးကြပါ။
18 May 09, 12:01
Nimrod: မြို့တွင်းရှိ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်မှုမှာ ယမန်နေ့ ညနေမှသည် ယခုထက်တိုင် ကြာမြင့်နေပြီး မိုဘိုင်းလ်ဖုံး အများအပြားမှာ လက်ခံ၍သာရပြီး ခေါ်ယူ၍ မရဘဲ ဖြစ်နေသည်ဟု ဆိုသည်။ အင်းစိန်ထောင်ရှေ့ တောက်လျောက် လမ်းပိတ်ဆို့ထားခြင်းကြောင့် အင်းစိန်ဘက်က လာသော ကားများ မင်္ဂလာဒုံ ပြည်လမ်းဘက်က ပတ်ကွင်း မောင်းနေကြရသည်။
18 May 09, 12:03
Niknayman: အင်းစိန်ထောင်ရှေ့ တွင် တိုက်ပွဲ စပါပြီ။ သဗ္ဇေသတ္တာ ကမ္မသကာ သန်းရွှေပုံကြီးအား အမှိုက်များနဲ့ အတူ မီးစတင်ရှို့ ပါပြီ။
18 May 09, 12:06
့ မိတ်ဆွေ: အခြေအနေ တစတစတင်းမာလာနေပြီဖြစ်ပါတယ်။ လှည်းတန်းတွင် ကျောင်းသားများ စတင်စုရုံးရောက်ရှိလာသဖြင့် ရဲ များချလာကြောင်း သိရပါတယ်။
18 May 09, 12:09
freedom: သံရုံး ၈ ခုမှ ကားများ အင်စိန်ထောင် ဖက်သို့ ဝင်ရန် ရောက်လာနေပါပြီ။ ကားများကို အ၀င်မခံပဲ ပိတ်ထားသဖြင့် အချင်းများ လျက်ရှိနေကြောင်းသတင်း ပို့ လိုက်ပါတယ်။